Views: 239
မစ်ဂ်ဟာဖခင်ရဲ့ဝပ်ရှော့မှာအကူလုပ်အားပေးနေတဲ့ မက္ကင်းနစ်ပေါက်စလေးတစ်ယောက်ဖြစ်ပြီးတစ်နေ့မှာတော့ သူတိုဆီမှာကားလာပြင်တဲ့ ကပ်စတမ်မာ မိန်းမလှလေးတစ်ယောက်ကတစ်ဆင့် တရားမဝင်ကားမောင်းပြိုင်တဲ့လောကထဲရောက်သွားခဲ့ပါတယ်။သူ့ရဲ့ဖခင်ဖြစ်သူကတော့ အတိတ်ဖြစ်ရပ်ဆိုးတွေကြောင့်ဒီလောက ကိုစိတ်နာနေတဲ့သူဖြစ်ပြီး မစ်ဂ်ကိုလည်း ဒါတွေနဲ့မပတ်သက်ဖိုတင်းတင်းကျပ်ကျပ်တားမြစ်ထားပြီးသားပါ။တရားမဝင်မြေအောက်လောကဖြစ်တဲ့အတိုင်း ကြေးကြီးတဲ့လောင်းကြေးတွေ၊ မူးယစ်ဆေးဝါးတွေ ဂန်းစတားတွေနဲ့မိန်းမလှလေးတွေ၊ ပြိုင်ကားလှလှတွေကြားက ဇာတ်ရှုပ်ပေါင်းစုံကိုရှုစားကြရမှာဖြစ်ပါတယ်။ ဝါရင့်မင်းသမီးနှစ်လက်ဖြစ်တဲ့Christine Bermas နဲ့ Angela Morena တိုဦးဆောင်ထားပြီးတစ်ခြားသော Vivamax မင်းသမီးပေါင်းစုံကိုလည်းနေရာပေါင်းစုံပါဝင်အားဖြည့်ထားတာတွေ့မြင်ရမှာပါ။